Board Matters

Director selecting criteria

ဘုတ်အဖွဲ့ဝင်များ၏ အရည်အချင်းများ

သီးခြားလွတ်လပ်သောဒါရိုက်တာမှအပဘုတ်အဖွဲ့ဝင်ဒါရိုက်တာတစ်ဦးသည်ဥပဒေပုဒ်မ၁၇၅ (က) အရမည်သည့်သာမန်အစုရှယ်ယာအမျိုးအစားကိုမဆိုအနည်းဆုံးအစုရှယ်ယာ (၅၀၀၀၀) စုပိုင်ဆိုင်သူကုမ္ပဏီတွင်ပါဝင်သူအစုရှင်ဖြစ်ရမည်။သို့မဟုတ်အနည်းဆုံးအစုရှယ်ယာ (၅၀၀၀၀) စုပိုင်ဆိုင်သည့်ကုမ္ပဏီတွင်ပါဝင်သူအစုရှင်ပုဂ္ဂိုလ်စု၊ကုမ္ပဏီသို့မဟုတ်အဖွဲ့အစည်းကိုယ်စားပြုသူဖြစ်ရမည်။

Board of Directors role and responsibilities

ဘုတ်အဖွဲ့၏ အာဏာနှင့် တာဝန်များ

  1. ကုမ္ပဏီ၏ဘုတ်အဖွဲ့သည် ဥပဒေပုဒ်မ (၁၆၀) ပါ ပြဌာန်းချက်များကိုလိုက်နာလျက် ဘုတ်အဖွဲ့၏ ညွှန်ကြားချက်နှင့်အညီ ကုမ္ပဏီ၏စီးပွားရေးလုပ်ငန်းများကို စီမံခန့်ခွဲရန် တာဝန်ရှိသည်။ ဘုတ်အဖွဲ့သည် ကုမ္ပဏီ၏စီးပွားရေးလုပ်ငန်းနှင့်စပ်လျဉ်း၍ ဆုံးဖြတ်ချက်ချမှတ်နိုင်ပြီး ကုမ္ပဏီ၏ဆောင်ရွက်မှုများကို လမ်းညွှန်ခြင်း၊ ကြီးကြပ်စစ်ဆေးခြင်း ပြုလုပ်ရမည်။ ထိုပုဂ္ဂိုလ်တို့သည် ကုမ္ပဏီကို ပူးပေါင်းဆောင်ရွက်မှုတွင် ပါဝင်ခြင်း ကိစ္စရပ်အသီးသီးအတွက် ကုန်ကျစရိတ်အသီးသီးအားလုံးကို ပေးချေနိုင်သည်။
  2. ဘုတ်အဖွဲ့သည် အခါအားလျော်စွာ ဒါရိုက်တာများအထဲမှ ဥက္ကဋ္ဌ နှင့် ဒု-ဥက္ကဋ္ဌ တစ်ဦးတို့ကို ရွေးချယ်ခန့်အပ်နိုင်သည်။ လိုအပ်ပါက ကာလတစ်ရပ်အတွက် ဒါရိုက်တာများအထဲမှ အုပ်ချုပ်မှုဒါရိုက်တာ (Managing Director) တစ်ဦး သို့မဟုတ် ဒါရိုက်တာအဖွဲ့ဝင်မဟုတ်သော လုပ်ငန်းကျွမ်းကျင်မှုရှိသည့် သင့်တော်သူတစ်ဦးအား အမှုဆောင်အရာရှိချုပ် (CEO) အဖြစ် ခန့်အပ်နိုင်သည်။ ယင်းသို့သော အချိန်ကာလနှင့် သင့်လျော်သော ထောက်ပံ့ကြေး (လစာ အပါအဝင် ထောက်ပံ့ကြေး သို့မဟုတ် အခြား အကျိုးခံစားခွင့် သို့မဟုတ် တစ်မျိုးမျိုးကို တစ်စိတ်တစ်ဒေသခံစားခွင့်) ကို ၎င်းတို့က သင့်လျော်သည်ဟု ထင်မြင်သည့်အတိုင်း ပေးနိုင်သည် သို့ရာတွင် အောက်ဖော်ပြပါ စည်းမျဉ်းအပိုဒ် (၁၂၇) ကို လိုက်နာရမည်။ ထိုပုဂ္ဂိုလ်များ၏ အရည်အချင်းများကို ဒါရိုက်တာဘုတ်အဖွဲ့ဝင်များ၏ သဘောတူညီချက်ဖြင့် သတ်မှတ်နိုင်သည်။

Types of decisions requiring Board of Directors' approval

အောက်ဖော်ပြပါကိစ္စများတွင် ဘုတ်အဖွဲ့သည် ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌ နှင့် အုပ်ချုပ်မှုဒါရိုက်တာ (Managing Director) သို့မဟုတ် အမှုဆောင်အရာရှိချုပ် (CEO) တို့အား တာဝန်များကို သော်လည်းကောင်း၊ သို့မဟုတ် ဒါရိုက်တာဘုတ်အဖွဲ့မှ ဖွဲ့စည်းပေးသည့် ကော်မတီတစ်ခုရပ်ကို သီးသန့်သော်လည်းကောင်း၊ ပူးတွဲ၍သော်လည်းကောင်း တင်ပြရန် အာဏာအပ်နှင်းနိုင်သည်။

(က) မရွှေ့မပြောင်းနိုင်သော ပစ္စည်းများ လွှဲပြောင်းခြင်း၊ အောက်ပါလုပ်ခြင်း၊

(ခ) အခြားအရောင်းအဝယ်လွှဲပြောင်းကိစ္စများ။

မက်စပ်စာချုပ်ကဲ့သို့ အရေးကြီးသော ပဋိညာဉ်စာချုပ်များချုပ်ဆိုခြင်း နှင့် အခြားအဖွဲ့အစည်းနှင့်ပေါင်းဖက်လုပ်ကိုင်ခြင်းကိစ္စရပ်များတွင် ဘုတ်အဖွဲ့၏ ဆုံးဖြတ်ချက်ရယူပြီးမှ သာလုပ်ကိုင်ရမည်။

Chairman's role and responsibilities

The Chairman is responsible for leading the Board and focusing it on strategic matters, overseeing the Group's business and setting high governance standards. He plays a pivotal role in fostering the effectiveness of the Board and individual Directors, both inside and outside the board room.

The Chairman (CEO) is collectively responsible for the leadership of the Group and for promoting the highest standards of integrity and probity, there is a clear and effective division of accountability and responsibility between the Chairman and the Chief Executive and each plays a distinctive role but complementing each other to ensure that there is a balance of power and authority and no individual has unfettered powers of decision and control.