
U Aung Win Khaing ( Chairman )
ဥက္ကဋ္ဌ ၏ အစီရင်ခံစာ
အစုရှယ်ယာရှင်များခင်ဗျာ…..
မင်္ဂလာအပေါင်းနှင့်ပြည့်စုံပြီး ကိုယ်စိတ်နှစ်ဖြာ
ကျန်းမာချမ်းသာကြပါစေလို့ ဆုတောင်း
မေတ္တာပို့သရင်း
နှုတ်ခွန်းဆက်သအပ်ပါတယ်။
၁။ မင်္ဂလာရှိသော ယနေ့ကျင်းပသည့် မန္တလေး–မြို့သာစက်မှုဖွံ့ဖြိုးတိုးတက်ရေး အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်၏ ဒဿမ အကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး အစီရင်ခံစာကို တင်ပြခွင့်ရတဲ့အတွက် ဂုဏ်ယူ ဝမ်းမြောက်မိပါကြောင်းနှင့် ဤနှစ်ပတ်လည် အစည်းအဝေး အခမ်းအနားသို့ ကြွရောက် ချီးမြှင့်ပေးပါသော မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့
ဝန်ကြီးချုပ်နှင့် UMFCCI ဥက္ကဋ္ဌ၊ MRCCI
ဥက္ကဋ္ဌ၊ အထူးဧည့်သည်တော်များ အားလုံးကို ကျေးဇူး တင်ရှိပါကြောင်း ပဏာမအနေဖြင့် တင်ပြအပ်ပါသည်။
အစုရှယ်ယာရှင်များခင်ဗျာ
– – –
၂။ မန္တလေး–မြို့သာစက်မှုဖွံ့ဖြိုးတိုးတက်ရေး အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်၏ လက်ရှိ လုပ်ငန်းဆောင်ရွက်မှု
အခြေအနေများအား အစုရှယ်ယာရှင်များသိရှိနိုင်ပါရန် ကျွန်တော့် အနေဖြင့် အကျဉ်းချုပ်ပြီး အပိုင်း (၃) ပိုင်းဖြင့် တင်ပြသွားပါမည်။
၃။ ပထမပိုင်း
အနေဖြင့် တင်ပြလိုသည်မှာ မြို့သာစက်မှုဥယျာဉ်မြို့တော် တည်ဆောက်ရေး စီမံကိန်းကြီးသည်
မူလရည်မှန်းချက် (၅) ချက်ဖြင့် မိုးခေါင်ရေရှား စိုက်ပျိုးရေး ဖြစ်ထွန်းမှုမရှိသည့်
မြို့သာ ကျေးလက်ဒေသပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက်
နိုင်ငံတော် အကြီးအကဲ၏ လမ်းညွှန်မှုဖြင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်
ပူးပေါင်းဆောင်ရွက်သည့် စီမံကိန်းကြီး တစ်ခု ဖြစ်ပါသည်။ ၂၀၁၄-၂၀၁၅ ခုနှစ်မှစတင်၍
တည်ဆောက်ရေးလုပ်ငန်းကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ခဲ့ရာ ပြည်ပ(၈)နိုင်ငံဖြစ်သည့် Indonesia, Netherlands, China, India, Japan, USA, Hongkong,
Thailand နိုင်ငံတို့မှ
ရင်းနှီးမြှုပ်နှံမှုများနှင့် ပြည်တွင်း လုပ်ငန်းရှင်များ ဝင်ရောက်လာခဲ့ပါသည်။ မမျှော်လင့်ဘဲ
၂၀၁၈ ခုနှစ်မှစပြီး ပြည်တွင်း / ပြည်ပ လုပ်ငန်းရှင်များ အနည်းအကျဉ်းသာ လာရောက်
ရင်းနှီးမြှုပ်နှံခြင်းကို တွေ့ရပါသည်။ တစ်ဆက်တည်း ၂၀၂၀ ခုနှစ်၊ မတ်လမှ စတင်ပြီး Covid-19
ကမ္ဘာ့ ကပ်ရောဂါ ဖြစ်ပွားခဲ့ခြင်း ကြောင့်လည်းကောင်း၊ ကမ္ဘာ့စီးပွားရေးလုပ်ငန်းများ
ကျဆင်းလာခဲ့ခြင်းကြောင့်လည်းကောင်း၊ ကမ္ဘာအရပ်ရပ်တွင် စစ်မက် ဖြစ်ပွားခြင်းကြောင့်လည်းကောင်း၊
မြန်မာနိုင်ငံ၏ နိုင်ငံရေး အခြေ အနေကြောင့်လည်းကောင်း၊ ပြည်တွင်း / ပြည်ပ မှ ဝင်ရောက်လာသော
ရင်းနှီးမြှုပ်နှံမှုပြုလုပ် ထားသည့် စက်ရုံအချို့ ယာယီရပ်ဆိုင်းခဲ့ရပါသည်။
၄။ ၂၀၂၀ ခုနှစ်၊
ဩဂုတ်လ (၉) ရက်နေ့မှစ၍ တံတားဦး လေဆိပ်၊ စကားအင်း အဝိုင်းမှ
မြို့သာစက်မှုဥယျာဉ်မြို့တော်သို့ ၅၄ ပေ
အကျယ် ၃၅ ကီလိုမီတာရှိ အခိုင်အမာမြေသားလမ်းသစ်
ကို RHGC Group မှ ဖောက်လုပ်ခဲ့ပြီး
၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၂၅) ရက်နေ့တွင် မာရဝိဇယ ဆင်းတုတော်ကြီး၏ စကျင်ကျောက်တော်ကြီးများကို
နေပြည်တော်သို့ အဆိုပါ အခိုင်အမာ မြေသားလမ်းသစ်ပေါ်မှ အောင်မြင်စွာ
ပင့်ဆောင်ခြင်းအတွက် မန္တလေး–မြို့သာစက်မှုဖွံ့ဖြိုး တိုးတက်ရေး အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်မှ
ပံ့ပိုးကူညီပေးနိုင်ခဲ့ပါသည်။ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၉) ရက်နေ့ မှစပြီး
အခိုင်အမာ တည်ဆောက်ထားသည့် မြေသား လမ်းသစ် ကို ကွန်ကရစ်လမ်းအဖြစ် ၂၄ ပေ အကျယ် ၁၈
ကီလိုမီတာ အရှည် ခင်းကျင်းတည်ဆောက် ပြီးစီး ခဲ့ပါသည်။
၅။ ၂၀၂၄ ခုနှစ်၊
စက်တင်ဘာလမှစပြီး မြို့သာစက်မှုဥယျာဉ်မြို့တော် တည်ဆောက်ရေး စီမံကိန်း ပတ်ဝန်းကျင်တွင်
လုံခြုံရေးအေးချမ်းမှုမရှိခြင်းကြောင့် စက်ရုံ၊ အလုပ်ရုံများနှင့် အခြား လုပ်ငန်းများ
ယာယီ ရပ်ဆိုင်းနေရခြင်းကို အစုရှယ်ယာရှင်များအားလုံး ကြားသိနေမည်ဟု
ယုံကြည် ပါသည်။ ၂၀၂၅ ခုနှစ်မှစ၍ မြို့သာစီမံကိန်းဧရိယာအတွင်း
ဝန်ထမ်း (၅၄)ဦး၊ နေ့စား (၁၈) ဦး၊ စုစုပေါင်း (၇၂) ဦး တို့အား တာဝန် အသီးသီးပေးအပ်ပြီး
အဓိက လုံခြုံရေးနှင့် အခြား ထိန်းသိမ်းရေးလုပ်ငန်းများကိုသာ ဆောင်ရွက်လျက် ရှိပါသည်။
အစုရှယ်ယာရှင်များခင်ဗျာ – – –
၆။ ဒုတိယပိုင်း
အနေဖြင့် အကျဉ်းချုပ်တင်ပြရလျင် မန္တလေးငလျင်ကြီးဘေးဒဏ်ကြောင့်
စက်မှုဥယျာဉ်မြို့တော်တည်ဆောက်ရေး စီမံကိန်းဧရိယာအတွင်း
အဆောက်အဦနှင့် ပတ်ဝန်းကျင် လမ်း/တံတားများ လုံးဝထိခိုက်ပျက်စီးမှု မရှိခဲ့ပါ။
မြို့သာစက်မှုဥယျာဉ်မြို့တော် တည်ဆောက်ရေး စီမံကိန်းအနေဖြင့် ဖွံ့ဖြိုးတိုးတက်မှု အချိန်ကာလ
(၆)နှစ်ခန့် နှောင့်နှေးမှု ရှိခဲ့သော်လည်း စီမံကိန်းကြီး၏ ရည်မှန်းချက်လုပ်ငန်းစဉ်များ
တိုးတက် အောင်မြင်မှုကို လုံးဝထိခိုက်ခြင်း မရှိခဲ့ပါ။ အဓိကအကြောင်းရင်းမှာ မန္တလေး–မြို့သာစက်မှုဖွံ့ဖြိုးတိုးတက်ရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်သည် ပြည်ထောင်စုအစိုးရအဖွဲ့မှ အတည်ပြု
ခွင့်ပြုထားသော စီမံကိန်းကြီးတစ်ခု ဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့သည် Land Owner ဖြစ်၍ မန္တလေး–မြို့သာစက်မှု ဖွံ့ဖြိုးတိုးတက်ရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်သည် Master
Developer အဖြစ် Strategy
& Planning, Development Right
ကို ရင်းနှီးမြှုပ်နှံမှုများဖြင့် တာဝန်ယူပြီး ပူးပေါင်း ဆောင်ရွက်သည့်
စီမံကိန်းကြီးတစ်ခုဖြစ်သောကြောင့် ဖြစ်ပါသည်။
၇။ နိုင်ငံတော်မှ
သတ်မှတ်ပြဌာန်းထားသည့် လယ်ယာမြေ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ အခြားနည်း
အသုံးပြုခွင့် ခွင့်ပြုမိန့်များ ရယူခြင်း၊ စားကျက်မြေ ပယ်ဖျက် မိန့်များရရှိခြင်း၊
အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေအဖြစ် သတ်မှတ်ခွင့်ပြုချက်များ ရရှိပြီးဖြစ်သည့်
အပြင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ
အမိန့်ကြော်ငြာစာထုတ်ပြန်၍ The Burma Boundary Act ပုဒ်မ-၂ အရ
နယ်နိမိတ်သတ်မှတ်ရေးအရာရှိ Boundary Officer နှင့်
နယ်နိမိတ် ကြပ်မတ်ရေးအရာရှိ Demarcation Officer တို့ကို
ခန့်အပ်ပြီး မြို့ပြ မြေယာ (၆၄
လက်မ ၁ မိုင်) စကေး ဖြင့် ကွက်စိပ် ကွက်ကျဲ ကွင်းတိုင်းမြေပုံ /
ကွင်းထွက်မြေပုံများ တိုင်းတာဆောင်ရွက်ရေးဆွဲနိုင်ခဲ့ပြီး
မြေစာရင်းဆိုင်ရာ ၁-က ( 1 A ) မှတ်ပုံတင်စာရင်း ရေးသွင်း ပြီး မြို့ပြ (မြို့မြေ) အဖြစ် ရရှိခဲ့သည်အထိ
ဆောင်ရွက်ထားပြီး ဖြစ်ပါသည်။ မြို့သာစက်မှုဥယျာဉ်
မြို့တော် တည်ဆောက်ရေးစီမံကိန်းသည် မြန်မာနိုင်ငံ အလယ်ပိုင်း မိုးခေါင် ရေရှား
ရပ်ဝန်းတွင် တည်ရှိ၍ ပူပြင်းခြောက်သွေ့ပြီး စိုက်ပျိုးရေးမဖြစ်ထွန်းသည့် ကျောက်စလစ်ကုန်းမြေ
အများစု ပါဝင်သော မြင်းခြံခရိုင်၊ မြို့သာ ကျေးလက်ဒေသပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် အောင်မြင်စေရေးအတွက်
မူလ Master Plan ကို ရေးဆွဲပြီး ရည်မှန်းချက် (၅)ချက်ဖြင့် အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်
–
ရည်မှန်းချက် ( ၁ ) မြန်မာနိုင်ငံအလယ်ပိုင်း ပူအိုက်ခြောက်သွေ့သော စိုက်ပျိုးရေး မဖြစ်ထွန်း သည့် ငါန်းဇွန်မြို့နယ်အတွင်းရှိ နှစ်ပေါင်းများစွာ ဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေး ခဲ့သော မြို့သာကျေးလက်ဒေသ ပြည်သူများ လူမှုစီးပွားဘဝ မြင့်တက် လာစေရန် မြို့သာစက်မှုဥယျာဉ်မြို့ တစ်မြို့ အကောင်အထည်ဖော်ခြင်း၊
ရည်မှန်းချက် ( ၂ ) ဧရာဝတီမြစ်ကြောင်းတစ်လျောက်
ရာသီမရွေး
( 20 ft ~ 40 ft ) Container များဖြင့်
ကုန်တင်/ ကုန်ချ ပြုလုပ်နိုင်သည့် အဆင့်မြင့် ဧရာဝတီ (ဆီမီးခုံ) ဆိပ်ကမ်း တစ်ခု အကောင်အထည်ဖော် တည်ဆောက်ခြင်း၊
ရည်မှန်းချက် ( ၃ ) တံတားဦးလေဆိပ် စကားအင်းအဝိုင်းမှ ဆီမီးခုံဆိပ်ကမ်း သို့ ကျေးလက် ဒေသ ပြည်သူများ လူမှုစီးပွားဘဝ
အမြန် ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် အချိန်တိုအတွင်း သယ်ယူပို့ဆောင် သွားလာနိုင်ရေးအတွက်
(၃၆) မိုင်အရှည် (၂၄)
ပေ အကျယ် အခိုင်အမာ ကွန်ကရစ် လမ်းသစ် တစ်ခုကို အကောင် အထည်ဖော်
ဆောင်ရွက်ခြင်း၊
ရည်မှန်းချက် ( ၄ ) ပတ်ဝန်းကျင် စိမ်းလန်း စိုပြေလာစေရန် မိုးရေစု ကန်ကြီးများ တည်ဆောက် ဖော်ထုတ်ခြင်း၊ ဒေသခံကျေးလက် ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်း အမြန်ဆုံး ရရှိစေရေး Green Housing အိမ်ရာစီမံကိန်း ဖော်ထုတ်ပြီး Sports Tourism အထောက်အကူပြုရေး နှင့် ပတ်ဝန်းကျင် စိမ်းလန်း စိုပြေရေး ဦးတည်ချက်ဖြင့် နိုင်ငံတကာ အဆင့်မီ Championship Golf Course တစ်ခုကို အကောင်
အထည်ဖော် ဆောင်ရွက်ခြင်း၊
ရည်မှန်းချက် ( ၅ ) မြန်မာနိုင်ငံသည်
စိုက်ပျိုးရေး အဓိက အခြေခံသည့် နိုင်ငံတစ်ခုဖြစ်၍ မြို့သာ စက်မှုဥယျာဉ်မြို့သည် ကုန်းကြောင်း၊
ရေကြောင်း၊ လေကြောင်းနှင့် မီးရထား လမ်းကြောင်းများ အလွယ်တကူ ဆက်သွယ်သွားလာနိုင်သည့် မြို့တစ်မြို့ ဖြစ်ခြင်းကြောင့် ပဲမျိုးစုံနှင့်
စိုက်ပျိုးရေးသီးနှံ ရောင်းဝယ်ရေး CMAH ( Central Myanmar Agricultural Hub ) Project International Trading Center တစ်ခု တည်ထောင် ဆောင်ရွက်ခြင်း။
၈။ ရည်မှန်းချက်
(၁) မှ (၄)အထိ အောင်မြင်မှုအဆင့်တစ်ခုသို့ ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်ပါသည်။
ရည်မှန်းချက် (၅) အနေဖြင့် MSME စက်ရုံများ တည်ဆောက်နိုင်ရေးအတွက် မြေကွက်များ ဖော်ထုတ်ရန်
Planning ထားရှိပြီးဖြစ်ပါသည်။ First Phase အဖြစ် အကွက်ပေါင်း (၅၀၀)ကို မြေပြုပြင်ခြင်း ဆောင်ရွက်ထားပြီးဖြစ်သော်လည်း
နယ်မြေအေးချမ်းတည်ငြိမ်မှု အခြေအနေအရ လုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်ရန် ယာယီရပ်ဆိုင်းထားလျက်ရှိကြောင်း
တင်ပြလိုပါသည်။
အစုရှယ်ယာရှင်များခင်ဗျာ – – –
၉။ တတိယပိုင်း
အနေဖြင့် တင်ပြရလျှင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတွင် ရှေ့ဆက်လက် ဆောင်ရွက်ရမည့်
ရှေ့လုပ်ငန်းစဉ်များမှာ –
(၁) တစ်နှစ်ပတ်လုံး
ရာသီမရွေး 20 ft – 40 ft Container အတင်/အချ ပြုလုပ်နိုင်သည့် ဧရာဝတီ ဆီမီးခုံ ဆိပ်ကမ်းကို
၂၀၁၇ ခုနှစ်တွင် အဆင်သင့် တည်ဆောက်ထားရှိပြီး ဖြစ်ရာ သယ်ယူပို့ဆောင်ရေးအတွက်
လုပ်ငန်းများ စတင် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
(၂) MIC မှ ခွင့်ပြုမိန့် ရရှိထားပြီးဖြစ်သော 8 MW Solar Power Project ကို (၃)လ အတွင်း အပြီးတည်ဆောက်၍ စီမံကိန်းဧရိယာအတွင်း
စက်ရုံ၊ အလုပ်ရုံများ နေ့အချိန်တွင် လျှပ်စစ်ဓါတ်အား လုံးဝ ပြတ်တောက်ခြင်း မရှိစေရန်
ဖြန့်ဖြူးပေး နိုင်ရေးအတွက် ဆောင်ရွက်သွားပါမည်။
(၃) တံတားဦး လေဆိပ်အဝိုင်းမှ
မြို့သာစက်မှုဥယျာဉ်မြို့တော်သို့ ခင်းကျင်းရန် ကျန်ရှိ နေသည့် အကျယ် ၂၄ ပေ အရှည် ၁၇
ကီလိုမီတာ ကွန်ကရစ်လမ်းကို ဆက်လက် ခင်းကျင်း တည်ဆောက်သွားပါမည်။
(၄) Central
Myanmar Agricultural Hub (CMAH) စီမံကိန်းဖြစ်သော မြန်မာနိုင်ငံ ပဲမျိုးစုံနှင့်
စိုက်ပျိုးရေးသီးနှံရောင်းဝယ်ရေး Trading
Centre အပါအဝင် MSME စက်ရုံများ တည်ဆောက်မည့် မြေကွက်များကို လမ်းဖောက်လုပ် တည်ဆောက်ခြင်း၊
လျှပ်စစ်ဓါတ်အားရရှိရေးအတွက် လိုင်းများ တည်ဆောက်သွယ်တန်းခြင်းများကို
တစ်ပြိုင်တည်း (၅)လအတွင်း လုပ်ငန်းအသီးသီး
ပြီးစီးအောင် ဆောင်ရွက်သွားရန် သီးခြားလုပ်ငန်းစဉ် တစ်ခုအနေဖြင့်
ဆောင်ရွက်သွားပါမည်။
(၅) ပြည်တွင်း / ပြည်ပမှ ဂေါက်သီးအားကစား ဝါသနာရှင်များ
အထူးစိတ်ဝင်စား မျှော်လင့်ထားရှိသော MNGC မြို့သာဂေါက်ကွင်းကို
အမြန်ဆုံး ပြန်လည်ပြုပြင် ထိန်းသိမ်းရေး လုပ်ငန်းများအား အကောင်အထည်ဖော်
ဆောင်ရွက်သွားပါမည်။
၁၀။ အထက်ဖော်ပြပါ
လုပ်ငန်းစဉ်(၅)ခုကို ပတ်ဝန်းကျင်နယ်မြေ အေးချမ်းမှု ရှိလာသည်နှင့် တစ်ပြိုင်တည်း
စတင်အကောင်အထည်ဖော်နိုင်ခြင်းအားဖြင့် မြို့သာစီမံကိန်းကြီးသည် အရှိန် အဟုန်ဖြင့်
ဖွံ့ဖြိုးတိုးတက်လာမည့် Location တည်နေရာအရ ကြီးမားသော Potential အခွင့်
အလမ်း အနေအထားသို့ လျှင်မြန်စွာ ရောက်ရှိမည်ကို ကျွန်တော့်အနေဖြင့် ရာနှုန်းပြည့်
ယုံကြည် လျက်ရှိပါသည်။ အဓိကတင်ပြလိုသည်မှာ မြို့သာစက်မှုဥယျာဉ်မြို့တော်
တည်ဆောက်ရေးစီမံကိန်း သည် ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်း၊
ရထားလမ်းကြောင်းများ၏ ဆုံမှတ် (Logistic
Hub) တည်နေရာ
တစ်ခုဖြစ်သည့်အပြင် မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်း တိုင်းဒေသကြီး၊
ရှမ်းပြည်နယ်တို့နှင့် ဆက်စပ်မှုရှိခြင်းကြောင့် (Labour–intensive) လုပ်သား
များစွာ အလွယ်တကူ ရရှိနိုင်ခြင်းမှာ မြန်မာနိုင်ငံတွင် အကောင်းဆုံးသော Location တည်နေရာ အားသာချက်တစ်ခု ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ မန္တလေး-မြို့သာစက်မှုဥယျာဉ်မြို့တော်
တည်ဆောက်ရေးစီမံကိန်းကြီး၏ ရှေ့အနာဂတ် MMID’s
Bright Future ကို မကြာမီ တွေ့မြင်ရတော့မည် ဖြစ်ပါသည်။
အစုရှယ်ယာရှင်များခင်ဗျာ – – –
၁၁။ ကျွန်တော့်အနေဖြင့်
အထူးတင်ပြလိုသည်မှာ ၂၀၁၈ ခုနှစ်မှစပြီး (၇) နှစ်ခန့် မမျှော်လင့် ထားသော
ကမ္ဘာ့ကပ်ရောဂါ Covid-19 နှင့် အခြေအနေ အကြောင်းအမျိုးမျိုး
ဖြစ်ပေါ်လာရခြင်း ကြောင့် မြို့သာစက်မှုဥယျာဉ်မြို့တော်တည်ဆောက်ရေး စီမံကိန်းကြီး
ဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေး ခဲ့ရသော်လည်း မန္တလေး-မြို့သာစက်မှုဖွံ့ဖြိုးတိုးတက်ရေး
အများနှင့်သက်ဆိုင်သော ကုမ္ပဏီ လီမိတက်အနေဖြင့် ခိုင်ခိုင်မာမာ အကောင်းဆုံးသော
အခြေအနေဖြင့် ရပ်တည်လျက်ရှိပြီး ရှေ့မကြာမီ အချိန်ကာလတွင် အေးချမ်းတည်ငြိမ်မှု ရောက်ရှိလာသည်နှင့်
တစ်ပြိုင်နက် အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်းကို အစုရှယ်ယာရှင်များအားလုံး
သိရှိစေရန် တင်ပြလိုပါသည်။
အားလုံးကိုကျေးဇူးတင်ပါတယ် …..
Etiam magna arcu, ullamcorper ut pulvinar et, ornare sit amet ligula. Aliquam vitae bibendum lorem. Cras id dui lectus. Pellentesque nec felis tristique urna lacinia sollicitudin ac ac ex. Maecenas mattis faucibus condimentum. Curabitur imperdiet felis at est posuere bibendum. Sed quis nulla tellus.
63739 street lorem ipsum City, Country
+12 (0) 345 678 9
info@company.com
