Dividend policy
၁။ ကုမ္ပဏီသည်အထွေထွေအစည်းအဝေးတွင်အမြတ်ဝေစုများကိုဘုတ်အဖွဲ့၏သဘောတူညီချက်ဖြင့်ကြေငြာနိုင်သည်။သို့ရာတွင်ဘုတ်အဖွဲ့ကထောက်ခံသောပမာဏထက်မည်သည့်အမြတ်ဝေစုကမျှမပိုစေရ။
၂။ ဘုတ်အဖွဲ့သည်ကုမ္ပဏီ၏အမြတ်အစွန်းများဖြင့်ဘုတ်အဖွဲ့ကမျှတသည်ဟုယူဆသောအဆိုပါကြားဖြတ်အမြတ်ဝေစုများကိုအခါအားလျော်စွာပါဝင်သူအစုရှင်များသို့ပေးနိုင်သည်။
၃။ အမြတ်ဝေစုကိုထိုနှစ်အမြတ်အစွန်းနှင့်ခွဲဝေမပေးရသေးသောစုဆောင်းထားသည့်အမြတ်အစွန်းထဲမှတစ်ပါးအခြားငွေကြေးများထဲမှခွဲဝေမပေးရ။